ရွှေပြည်အေး မြို့

ဖေဖော်ဝါရီ ၃ရက်နေ့ မွန်းလွဲပိုင်းက ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့အနားရှိ ရွှေပြည်အေးမြို့သစ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ အသုံးပြုသော MI-17 စစ်ရဟတ်ယာဥ်တစ်စင်းကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။



ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသော ရွှေပြည်အေးမြို့သစ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများ ၂၀ခန့် သေဆုံးကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရသည်။ 

ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီ၁ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားနိုင်ခဲ့ ခြင်းဖြစ်သည်။ ခန္တီးခရိုင်တပ်ရင်း၁၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF-124၊ HPDF၊ HPDFမိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီအမျိုးသားတပ် SNAလည်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကိုအကြမ်းဖက်နှိပ်စက်မှုများကျူးလွန်နေပေရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာ‌လျက်ရှိသည်။

ရွှေပြည်အေးမြို့သစ်ကို ယခင်စစ်အစိုးရ နအဖလက်ထက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဦးသာအေးက မြို့သစ်တည်ခဲ့ခြင်းဖြစ်သည်။



Comments

Popular posts from this blog

တော်လှန်ရေးသည်....

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့