မိုက်ဇာတ်သာ ဆက်ခင်းရုံမှတစ်ပါး လမ်းဆုံးနေသော စစ်တပ်

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့်အစားကျေးလက်လူနေအိမ်ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများကို ထင်ထင်ရှားရှား ကျူးလွန်လာနေသည်။ 

လူနေအိမ်ကျေးရွာများကို ကာကွယ်မည့် အကြမ်းဖက်စစ်တပ်က ပြန်လည် မီးရှို့ဖျက်ဆီးနေပုံ

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကျေးလက်ကို ဖိကာ နှိမ်နင်းပြလျှင် ပြည်သူလူထုသည် PDF-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်ခြင်းမရှိတော့ဘဲ ရေရှည်တွင် ၎င်တို့ အကြမ်းဖက်စစ်ကောင်စီသာ မြန်မာပြည်၏ အစိုးရအဖြစ် လူတိုင်းလက်ခံလာနိုင်မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။ 

နောက်တစ်ဆင့်တွင်လည်း  PDF- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိ၍သာ ကျေးရွာများကို မီးရှို့ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်းမရှိဘဲ လူနေအိမ်ကျေးရွာများကို လေယာဥ်များဖြင့် ပစ်ခတ်ခြင်း စသည်ဖြင့် လူထုကို သတင်းစကားဖြန့်စေသည်။

  PDF များကြောင့် ကျေးရွာများ မီးရှို့ခြင်း၊ လေယာဥ်နှင့်ပစ်ခတ်ခြင်း၊ ပြည်သူများအားဓားစာခံဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းများ ကို အကြမ်းဖက်စစ်တပ်က လုပ်ဆောင်သည်ဟု ပြည်သူလူထုအမြင်တွင် ထင်မြင်လာစေကာ  PDFနှင့် ပြည်သူကို သွေးခွဲခြင်းလည်းဖြစ်သည်။ 

လူနေအိမ်ကျေးရွာများကို လေယာဥ်နှင့်ဗုံးကြဲ ပစ်ခတ်နေသည့် အကြမ်းဖက်စစ်တပ်လေယာဥ်များ

နောက်တွင်လည်း ကျေးလက်လူနေအိမ်ကျေးရွာများကို ၎င်းတို့စစ်တပ်သည်သာ မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ၎င်းတို့ အကြမ်းဖက်စစ်တပ်က ပြောင်ပြောင်တင်းတင်း လုပ်ဆောင်သော်ငြား  PDF - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသာ လုပ်ဆောင်သည်ဟု ၎င်းတို့သတင်းမီဒီယာများတွင် ကြေငြာမောင်းတီးကာ လူထုနှင့် နိုင်ငံတကာကို ဆန့်ကျင်ဘက်သတင်းများ ဖြန့်သည်။

 ၎င်းတို့ အကြမ်းဖက်စစ်တပ်က မည်သို့ပင် ‌မင်းသားခေါင်းဆောင်ပါစေ တိုင်းပြည်ကို ချနင်းကာ အာဏာကိုယ်ကျိုးအတွက် ဘယ်လိုယုတ်မာမှုကို မဆို လုပ်ဖို့ လက်မရွံ့သည့် လူယုတ်မာများဖြစ်မှန်း ၎င်းတို့၏လုပ်ရပ်များက သက်သေပြနေပေသည်။

၎င်းတို့ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသေ  PDF- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ  ပြည်သူမျာက ထောက်ခံအားပေးကာ အကြမ်းဖက်စစ်တပ်နှင့် သမိုင်းအဆက်ဆက် နိုင်ငံကို စစ်တပ်ပိုင် လုပ်လိုသော အာဏာရူးများကို အမြစ်ဖြတ်ကာ အပြီးအပိုင် မြေလှန်ပစ်လိုနေကြသည်မှာ မြန်မာပြည်သူပြည်သားတိုင်း၏ ရည်မှန်းချက်လည်းဖြစ်သည်။

ပြည်သူကို ကာကွယ်မယ့်အစား ပြန်လည်သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ်

၂၀၂၀ရွေးကောက်ပွဲကို မသမာမှုအကြောင်းပြကာ တိုင်းပြည်အာဏာကို လုယူခဲ့သော မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ယုတ်မာမှုကို ကမ်းကုန်အောင် ကျူးလွန်နေသည်မှာ သိသာလှသည်။

 PDF-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများသည်သာ အကြမ်းဖက်စစ်တပ်၏ သွေးခွဲဖျက်ဆီးမှုများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကာ လက်တွဲမဖြုတ် ညီညွတ်စွာ တောင့်ခံနိုင်ပါက အကြမ်းဖက်စစ်တပ်အတွက် မြန်မာ့မြေသည် ခြေချစရာတောင်ကျန်မည် မဟုတော့ပေ။

တက်လှိုင်း (မင်းကင်း)

Comments

Popular posts from this blog

တော်လှန်ရေးသည်....

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့