ရှေ့တန်းတစ်ရက် နှင့်

💖 လူပေါင်း အယောက်၂၀ ပါတယ်။ ဆိုင်ကယ်၁၀စီး။ ၂ယောက်တွဲချည်းပဲ။ လူ၂ယောက်မှ သေနတ်၁လက်နှုန်း၊ ၁၀လက်ပြည့်အောင်မပါ။ လက်လုပ် သေနတ် တူမီးချည်း၉လက်။ ဒါဆိုကျန်တဲ့လူ၁၀ယောက်ကကော။ ဟုကဲ့ ။ လူပိုတွေလိုပါ။ ဓားလေးတွေ ကိုယ်စီနဲ့။ ဒါတောင် အစေ့အင မပါလာကျ။ ရှေ့တန်းထွက်တဲ့အဖွဲ့တဲ့ ။ လူတေက လူငယ်ပိုင်းတွေချည်း။ အသက် ၂၀/၃၀ ဝန်းကျင်တွေ။ လက်နက် မလောက်။ သေနိုင်မာသိသိနဲ့ အတူလိုက်လာကြတာ။ တက်တက်ကြွကြွ။ ပျူစောထီးကျေးရွာ။ အကြမ်းဖက်စစ်တပ် အင်အားအသင့်အတင့် အထိုင်ချထားသည်။ ပျူစောထီးအကြမ်းဖက်သင်တန်းများလည်းပေးနေသည်။ ဒေသတဝိုက် ကျေးရွာတွေကို လှည့်လည် မီးရှို့သည်။ တွေ့ရာလူ ဖမ်းချင်ဖမ်းသည်၊ နှိပ်စက်သည်။ ပြည်သူပိုင်၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားများလည်း အတင်းအကျပ် ယူဆောင်ကာ၊ ပစ္စည်းအသုံးအဆောင်များကိုပါ လှည်းနဲ့တိုက်ယူသည်။ အကြမ်းဖက်စစ်တပ်နှင့်ပေါင်းကာ လက်နက်နှင့် ဗိုလ်ကျ နှိပ်စက် နေသည့် သတင်းမှာ အော့နှလုံးနာစရာကောင်းလှသည်။ ဒီယုတ်မာမှုမျိုး ကိုယ့်ရပ်ကိုယ့်ရွာ ရောက်မလာအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွားသားလူငယ်များစုစည်းကာ ရှေ့တန်းထွက်လာကြခြင်းဖြစ်ပေ...