ရောက်တတ်ရာရာအတွေးများ

    အမှန်တရားက ပျောက်ဆုံးနေတာအသေအချာပါပဲ။

အိမ်ပြန်လမ်းတွေ မသေချာခြင်းနဲ့အတူ။

ပေါက်ကွဲထွက်တော့မယ့်ရင်ဘတ်တွေ အဆိပ်တွေကို ဆို့နင့်စွာငုံထားရတယ်။

ဒါဟာ သဘာဝရဲ့ လက်ဆောင်များလား။


လွင့်မျောလိုက်ချင်မိရဲ့  

ဟိုး....က လေဟာပြင်ကြီးထဲ

ခဏတာ ကျက်စားရင်း။

စိတ်လွတ်ကိုယ်လွတ် အပန်းဖြေရင်း။


တကယ်များ ပျော်ရပါ့မလား။

မျှော်လင့်ချက်တွေ များ ဝေဝါးသွားမလား။

ရင်မှာဖြစ်တည်နေပေမယ့် ပန်းဝင်ဖို့က မသေချာဘူး။

မနားတမ်း ပြေးဖို့ က တွန့်ဆုတ်ခဲ့လို့။


တစစနဲ့ 

မထင်တဲ့အဆုံးသတ်ကို ချဉ်းကပ်လာတယ်။


စွဲလမ်းမှုကို လွတ်ထွက်မသွားခင် 

လိုက်ဖမ်းတဲ့သူက အရှုံး။

နောက်မှ ကျောခိုင်းချင်လာတဲ့အခါ -

တိတ်ဆိတ်ခြင်းက တံတားထိုးလာတဲ့အခါ -

နာချည်းချက်တွေထဲ ခုန်ချချင်မိမာပဲ။

ချောက်ကမ်းပါးက နက်ကြောင်းပေါ့

သတိပေးသံတွေ အထပ်ထပ်။


အတွေးတွေထဲသာ ရွက်လွင့်နေမိတယ်၊

သူမလည်း ပစ်လိုက်တာပါပဲ။

ကျနော်လည်း ဖမ်းလိုက်တာပါပဲ။

အိုဟောင်းနေသော ဒဏ်ရာဗရဗွ။

တက်လှိုင်း(မင်းကင်း)

တိတ်ဆိတ်နေတဲ့ လမ်းက င့ရဲ့အဖော်ပဲ
တိတ်ဆိတ်ခြင်းက အဖော်ပဲ

🌄🌄🌄


Comments

Popular posts from this blog

တော်လှန်ရေးသည်....

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့