မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့

 


 ၂နှစ်နီးပါး ကြာခဲ့ပြီ။
ထိုနေ့ကား 
၂၀၂၁၊ ဧပြီလ၊ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်။

နေရာကား တောင်ဖြူရွာ၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ မင်းကင်းမြို့နယ်တွင်ဖြစ်သည်။  မင်းကင်းမြို့နယ်ပြည်သူများ ဝမ်းနည်းစွာငိုကြွေးခဲ့ကြရသော နေ့လည်းဖြစ်သည်။ တစ်မိသားစုတည်း၃ဦးပါသွားသည့် မိသားစုနှင့်။ တစ်ချို့မိသားစုက ၂ဦး စသည်ဖြင့်။ 


ပန်းဆက်ရွာ၏ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖေ့စ်ဘွတ်ခ် အကောင့်မှ တက်လာသောပုံများများသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၅၇ယောက် ။ ဖမ်းဆီးနှိပ်စက်ထားသော ပုံများဖြစ်သည်။ ပြည်သူ့ရဲဘော်များကို လက်နောက်ပြန်အနေအထားနှင့် သစ်သားတုံး၊ ပျဥ်များ၊ မျောများဖြင့် တွဲချည်ထားသည်။


 ဓာတ်ပုံရိုက်ချိန်သာ ထိုင်ခိုင်းကာ ပီးလျှင် မှောက် လျက် အနေအထားဖြင့် မျောတုံးများဖြင့် မလှုပ်မယှက်နိုင်စေရန် ဖိချည်ထားခံရသည်။ တချို့မှာကား သွေးအလူးလူးနှင့်။ နှိပ်စက်ခံထားရသည်။ ပုံတစ်ပုံမှာ ဦးခေါင်းတစ်ခြမ်းပွင့်ထွက်ကာ ပစ်သတ်ခံထားရသည်။ စိတ်မသက်သာစရာကောင်းလှသည်။ အခြားတစ်ပုံမှာလည်း မျက်လုံးများပေါက်ထွက်ကာ နှိပ်စက် သတ်ဖြတ်ခံထားရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ဦးအနက်၊ ၄ဦး ဖမ်းဆီးခံရအပြီး ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရကြောင်းသိရသည်။



ထိုနေ့မနက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပန်းဆက်တောင်ဖြူ ပျူစောထီးကျေးရွာကို သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ကြသည်။ 
ပန်းဆက်၊ တောင်ဖြူပျူစောထီးရွာနှစ်ရွာသည် မင်းကင်းအမတ်ပြုတ် မောင်မြင့်၏ ကျောထောက်နောခံပေးထားသော ဖွတ်ရွာများဖြစ်သည်။ 
ထိုနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကို မင်းကင်းမောင်မြင့်ထံ သတင်းရောက်ရှိရာမှ မောင်မြင့်က မုံရွာ နမခနှင့် ဆက်သွယ်ကာ မင်းကင်းမြို့ပေါ်ရှိ စစ်တပ်ကို သတင်းပေး၍ စစ်ကူခေါ်သည်။     ၎င်းအချိန်တွင် မင်းကင်းနယ်အတွင်း ဖုန်းလိုင်းများပါ ဖြတ်တောက်ခံလိုက်ရသည်။ တပ်ဖွဲ့များအချင်းချင်းအဆက်အသွယ်ပြတ်ကာ မင်းကင်းမှ စစ်ကူလာသည့်သတင်းကြောင့်ပါ ပြည်သူ့ရဲဘော်များ တပ်ပြန်ခေါက်ကြသည်။ 


ထိုအချိန်တွင် ပန်းဆက်နားရှိ လက်အောင်ခံ ဖွတ်ရွာမှ ပျူထီးပျူမ များက ကလေးများပါမကျန် လက်သုံးချောင်းထောင်ကာ ထွက်လာ၍ ပြည်သူ့ရဲဘော်များကို လှည့်စားကြသည်။ ပန်းဆက်ရွာက ပျူစောထီးများက သူတို့ တောင်ဖြူရွာကိုပါ အနိုင်ကျင့်နှိပ်စက်ကြောင်း၊ သူတို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူတူ တော်လှန်သူများဖြစ်ကြောင်း ပြောဆိုသည်။ အယုံသွင်းသည်။ ပြည်သူ့တပ်သားများကလည်း ယုံမိသွားရာ သူတို့က လက်နက်တွေ မလိုကြောင်းချထားခဲ့ရန်၊ ပန်းဆက်ပျူရွာကို ဘယ်လိုသိမ်းပိုက်ရန် ဆွေးနွေးဖို့ပြောဆိုရာမှာ လက်နက်မပါဘဲ ကာကွယ်ရေးတပ်ဖွဲ့များလိုက်သွားရာ စာသင်ကျောင်းအရောက် ပျူစောထီးများလက်နက်ကိုင်ထား၍ သေနတ်များနှင့် ချိန်ရွယ်ထားသည့် လူ၂၀ခန့်၏ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်း ခံလိုက်ရခြင်းဖြစ်သည်။ 
ပြည်သူ့တပ်ဖွဲ့များ ဖမ်းဆီးခံရချိန်တွင် မအလ အရိုးကိုက် စစ်သားများ ရှိမနေခဲ့ပေ။ တောင်ဖြူရွာ ပျူစောထီးများက လှည်းစားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်သားများက နေ့လည်လောက်မှ မင်းကင်းမှ တောင်ဖြူ ပန်းဆက်ရွာသို့ စုန်ဆင်းလာခြင်းဖြစ်သည်။ ထိုအချိန်တွင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များထဲမှ မုံရွာတက္ကသိုလ် ဗကသ ကျောင်းသားသမ္မဂ္ဂအဖွဲ့ဝင် ရဲဘော် သော်ဆွေ အပါအဝင် ၊ အခြားသော ခေါင်းဆောင် ပြည်သူ့ရဲဘော် ၄ဦး ကို သတ်ဖြတ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

 လှည့်စားဖမ်းဆီးခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဖြစ်ရပ်သည် တနိုင်ငံလုံးရှိပြည်သူ့ဘက်တော်သားများအား အကြမ်းဖက် စစ်တပ်နှင့် သစ္စာဖောက် လောက်ကောင် ပျူစောထီးများသည် ရက်စက်ယုတ်မာဖို့ ဝန်မလေးဘဲ မယုံသင့်ကြောင့် သင်ခန်းစာတစ်ခုကို ပေးသွားခြင်းလည်းဖြစ်သည်။ 
မင်းကင်းမောင်မြင့်နှင့် အတူ ပန်းဆက် တောင်ဖြူ ပျူစောထီးနှစ်ရွာသည် မင်းကင်းပြည်သူများအပေါ် ရက်စက်ယုတ်မာမှုတို့အတွက် တာဝန် အရှိဆုံးဖြစ်သည်။  


ကျေးရွာပေါင်း ၁၀ရွာခန့်မှ ပြည်သူ့တော်လှန်ရေး ရဲဘော်များ ဖြစ်သည်။
၂နှစ် နီးပါးမျှကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပန်းဆက်တောင်ဖြူ၏ ရက်စက်ယုတ်မာမှု မင်းကင်းပြည်သူများတွင် စုတ်တသပ်သပ်နှင့် မေ့နိုင်မည် မဟုတ်ပေ။ 



တက်လှိုင်း (မင်းကင်း)                                                                                                                               

Comments

Popular posts from this blog

တော်လှန်ရေးသည်....