မကြာမီပြုတ်ကျတော့မည်ဖြစ်သော....

 မင်းအောင်လှိုင်သည် အာဏာရူးကာ တိုင်းပြည်ကို စစ်တပ်က အရာရာထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့သည် မှန်သော်လည်း မထိန်းချုပ်နိုင်ဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်။




စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို လက်နက်ကိုင်စစ်တပ်ကသာ ဆက်လက် ထိန်းချုပ်ဖို့သည် ကမ္ဘာက လက်ခံဖို့မဖြစ်နိုင်ရကား ဒီမိုကရေစီနိုင်ငံသစ်ကို ဖော်ဆောင်နေသည်ဟု နားလှည့်ပါးလှည့် ပြောဆိုနေလေသသည်။

ဒီမို ကရေစီတရားနည်းလမ်းကျကျ ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို သွေဖယ်ကာ အာဏာသိမ်း၍ ၂နှစ်ပြည့်ခဲ့သော်လည်း သမ္မတမဖြစ်သေးပေရာ သမ္မတဖြစ်ရေးအိပ်မက်ကို ယခုထိ လက်မလွှတ်နိုင်သေးပေ။

အကြမ်းဖက်သမားမင်းအောင်လှိုင်သည် ‌ပြည်သူလူထုနှင့် ကမ္မာက အသိအမှတ်မပြုသော ရွေးကောက်ပွဲကို အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ကြိုးစားလာနေသည်မှာ ၎င်းသမ္မတဖြစ်ရေး အတွက် ခြေလှမ်းလည်းဖြစ်သည်။


ကြံ့ဖွတ်တစ်ပါတီတည်းသာ ရွေးကောက်ပွဲဝင်ပြိုင်စေကာ အနိုင်ရပါက သမ္မတဖြစ်ပြီဆိုသည့် နည်းလမ်းဖြစ်သည်။ 


စစ်တပ်မှစစ်ခေါင်းဆောင်တဖြစ်လည်း မင်းအောင်လှိုင်သည် ကြံ့ဖွတ်ပါတီမှ တစ်နိုင်ငံလုံး၏ ဩဇာကို ချုပ်ကိုင်နိုင်ဖို့ တစ်ပါတီအာဏာရှင်စနစ်သို့ ဦးတည်နေခြင်းလည်းဖြစ်သည်။ နေဝင်း၏ခေတ်ဟောင်းလမ်းစဥ်အတိုင်း မဆလ တစ်ပါတီစနစ်အတိုင်း ရည်ရွယ်နေပုံရသည်။

မည်သည့်နည်းနှင့်မဆို မင်းအောင်လှိုင်၏ သမ္မအိပ်မက်ကို တော်လှန်ပြည်သူများက အဆုံးစွန်ထိ ဆန့်ကျင်ကာ ဖက်ဆစ်စစ် စနစ်ကို အမြစ်ဖြတ်ဖို့ တာစူနေပြီဖြစ်သည်။

အကြမ်းဖက်ခေါင်းဆောင် ဂျီနိုဆိုက်ကောင် မင်းအောင်လှိုင်အတွက် ပလ္လင်တော့ စောင့်ကြိုနေမည်မဟုတ်ဘဲ သေချာပေါက်စောင့်နေသည့် အရာသည် ကြိုးစင်သာဖြစ်ပေသည်ကို ၎င်းကိုယ်တိုင်လည်း သိနေရော့မည်။

တက်လှိုင်း(မင်းကင်း)

Comments

Popular posts from this blog

တော်လှန်ရေးသည်....

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့