မိုက်ဇာတ်သာ ဆက်ခင်းရုံမှတစ်ပါး လမ်းဆုံးနေသော စစ်တပ်
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့်အစားကျေးလက်လူနေအိမ်ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများကို ထင်ထင်ရှားရှား ကျူးလွန်လာနေသည်။ လူနေအိမ်ကျေးရွာများကို ကာကွယ်မည့် အကြမ်းဖက်စစ်တပ်က ပြန်လည် မီးရှို့ဖျက်ဆီးနေပုံ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကျေးလက်ကို ဖိကာ နှိမ်နင်းပြလျှင် ပြည်သူလူထုသည် PDF-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်ခြင်းမရှိတော့ဘဲ ရေရှည်တွင် ၎င်တို့ အကြမ်းဖက်စစ်ကောင်စီသာ မြန်မာပြည်၏ အစိုးရအဖြစ် လူတိုင်းလက်ခံလာနိုင်မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။ နောက်တစ်ဆင့်တွင်လည်း PDF- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိ၍သာ ကျေးရွာများကို မီးရှို့ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်းမရှိဘဲ လူနေအိမ်ကျေးရွာများကို လေယာဥ်များဖြင့် ပစ်ခတ်ခြင်း စသည်ဖြင့် လူထုကို သတင်းစကားဖြန့်စေသည်။ PDF များကြောင့် ကျေးရွာများ မီးရှို့ခြင်း၊ လေယာဥ်နှင့်ပစ်ခတ်ခြင်း၊ ပြည်သူများအားဓားစာခံဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းများ ကို အကြမ်းဖက်စစ်တပ်က လုပ်ဆောင်သည်ဟု ပြည်သူလူထုအမြင်တွင် ထင်မြင်လာစေကာ ...