Posts

PDF များသည်လက်နက်ကိုင်ထားသည် မှန်သော်လည်း အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုမရှိလျှင် ကြောက်ရမည့်အဖွဲ့အစည်းမဟုတ်ပေ....

 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည်လက်နက်ကိုင်ထားသည် မှန်သော်လည်း အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှုမရှိလျှင် ကြောက်ရမည့်အဖွဲ့အစည်းမဟုတ်ပေ။ စစ်အာဏာရူး အကြမ်းဖက် မိစ္ဆာများကို လက်နက်ကိုင်ကာ ပြန်လည်ခုခံတော်လှန်နေခြင်းသာဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် ဆိုးဝါးယုတ်မာကြောင်း၊ လူမဆန်အောင် ရက်စက်ကြောင်း အများအသိဖြစ်သည်။  ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားကြီးထွားလာမှုနှင့် ပြန်လည်ထိုးစစ်ကို‌ မနိုင်နိုင်ရကား ကြွက်မနိုင် ကျီမီးရှို့ခြင်း လူနေအိမ်ကျေးရွာများကို စစ်ရေးပစ်မှတ်ထားကာ တိုက်ခိုက်ဖျက်ဆီးမီးရှို့ခြင်း၊ ‌ပြည်သူများအား ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း၊ တိုက်လေယာဥ်များနှင့် ဗုံးများကြဲချခြင်းများအထိပါ စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာနေသည်။ နိုင်ငံနှင့်အဝန်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်အောင် နှိပ်စက် ဖျက်ဆီးယုတ်မာခံနေရချိန်တွင် သစ္စာဖောက် လောက်ကောင်ပျူစောထီးများအားကောင်းရာ မင်းကင်းနယ်လည်း အပါအဝင်ဖြစ်သည်။ ၎င်းပျူစောထီးဆိုသူများသည် အရင်က ကြံဖွတ်ပါတီဝင်ဆိုသူများ၊ မဘသ ခေါ် ဗုဒ္ဓဘာသာဝင် ဘာသာရေးအစွန်းရောက်များသည် အကြမ်းဖက်စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျ ယုတ်မာမှုများကို ထဲထဲဝင်ဝင် ထောက်
Image
 "စစ်ရှောင်ပြည်သူလည်း အကြမ်းဖက်သူပုန်ဖြစ်သည်" နယ်မြေ ရှင်းလင်းရေး အမည်တပ်သည်။ သေနတ်နှင့် ပစ်သည်။ လက်နက်ကြီးတွေနှင့်ရွာထဲလှမ်းပစ်သည်။ ပစ်တော့ အသက်ဘေးကြောင့် ရွာသားတွေ ၊ ပြည်သူတွေ ပြေးသည်၊ မနေရဲတော့။ ထပ်ပစ်သည်။ ဘယ်အိမ်ကျကျ၊ ဘယ်သူသေသေဂရုမစိုက်။ ကိုယ့်အမျိုးကိုယ့်အိမ်မရှိ။ ပြီး ရွာထဲဝင်သည်။ အိမ်ကြီး အိမ်ကောင်းတွေ အရင်ရှာသည်။ ရွှေငွေ၊ အဖိုးတန်ပစ္စည်းများ ရှာသည်။ ယူသည်။ တွေ့ရာ ရိုက်ခွဲ ဖျက်ဆီးသည်။ ရွာလုံးကျွတ် မွှေနှောက်ဖျက်ဆီးသည်။ ထိုအချိန် လူမတွေ့လေနှင့်။ တွေ့လျှင် ဖမ်းသည်။ ဓားစာခံလုပ်သည်။ အဖမ်းမခံဘဲ ပြေးလျှင် သေနတ်နှင့် ပစ်သတ်လေသည်။ ထို့နောက် ရွာတွေကို မီးရှို့သည်။ အိမ်တွေကို မီးရှို့သည်။ နေရပ်ကို စွန့်လို့ ရွာခံပြည်သူတွေ ထွက်ပြေးကြသည်။ ရှောင်ကြရသည်။ အကြမ်းဖက်စစ်သားတွေနှင့် အတွေ့မခံရဲ။ အကြမ်းဖက်စစ်တပ်က စစ်ရှောင်နေသောပြည်သူများကိုပင် ရန်သူဟုမှတ်ယူသည်။ ၎င်းတို့မှ လွဲ၍ ကျန်သူများ အားလုံး ရန်သူဖြစ်သည်။ စစ်ရှောင်များမှာ အကြမ်းဖက် စစ်ကောင်စီကြောင့် နေစရာမဲ့နေသည်။ စားဝတ်နေရေး အကူအညီပေးလျှင် ဖမ်းသည်။ အကြမ်းဖက်အမည်တပ်သည်။ ထို့ကြောင့် စားဝတ်နေရေး ၊ ကျန်းမာရေး၊ ဆေးဝါးအခက်အခဲ စသည်တို့

မိုက်ဇာတ်သာ ဆက်ခင်းရုံမှတစ်ပါး လမ်းဆုံးနေသော စစ်တပ်

Image
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့်အစားကျေးလက်လူနေအိမ်ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများကို ထင်ထင်ရှားရှား ကျူးလွန်လာနေသည်။  လူနေအိမ်ကျေးရွာများကို ကာကွယ်မည့် အကြမ်းဖက်စစ်တပ်က ပြန်လည် မီးရှို့ဖျက်ဆီးနေပုံ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ကျေးလက်ကို ဖိကာ နှိမ်နင်းပြလျှင် ပြည်သူလူထုသည် PDF-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့နိုင်ခြင်းမရှိတော့ဘဲ ရေရှည်တွင် ၎င်တို့ အကြမ်းဖက်စစ်ကောင်စီသာ မြန်မာပြည်၏ အစိုးရအဖြစ် လူတိုင်းလက်ခံလာနိုင်မည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။  နောက်တစ်ဆင့်တွင်လည်း  PDF- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိ၍သာ ကျေးရွာများကို မီးရှို့ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်းမရှိဘဲ လူနေအိမ်ကျေးရွာများကို လေယာဥ်များဖြင့် ပစ်ခတ်ခြင်း စသည်ဖြင့် လူထုကို သတင်းစကားဖြန့်စေသည်။   PDF များကြောင့် ကျေးရွာများ မီးရှို့ခြင်း၊ လေယာဥ်နှင့်ပစ်ခတ်ခြင်း၊ ပြည်သူများအားဓားစာခံဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းများ ကို အကြမ်းဖက်စစ်တပ်က လုပ်ဆောင်သည်ဟု ပြည်သူလူထုအမြင်တွင် ထင်မြင်လာစေကာ  PDFနှင့် ပြည်သူကို သွေးခွဲခြင်းလည်

မကြာမီပြုတ်ကျတော့မည်ဖြစ်သော....

Image
 မင်းအောင်လှိုင်သည် အာဏာရူးကာ တိုင်းပြည်ကို စစ်တပ်က အရာရာထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့သည် မှန်သော်လည်း မထိန်းချုပ်နိုင်ဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်။ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို လက်နက်ကိုင်စစ်တပ်ကသာ ဆက်လက် ထိန်းချုပ်ဖို့သည် ကမ္ဘာက လက်ခံဖို့မဖြစ်နိုင်ရကား ဒီမိုကရေစီနိုင်ငံသစ်ကို ဖော်ဆောင်နေသည်ဟု နားလှည့်ပါးလှည့် ပြောဆိုနေလေသသည်။ ဒီမို ကရေစီတရားနည်းလမ်းကျကျ ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို သွေဖယ်ကာ အာဏာသိမ်း၍ ၂နှစ်ပြည့်ခဲ့သော်လည်း သမ္မတမဖြစ်သေးပေရာ သမ္မတဖြစ်ရေးအိပ်မက်ကို ယခုထိ လက်မလွှတ်နိုင်သေးပေ။ အကြမ်းဖက်သမားမင်းအောင်လှိုင်သည် ‌ပြည်သူလူထုနှင့် ကမ္မာက အသိအမှတ်မပြုသော ရွေးကောက်ပွဲကို အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ကြိုးစားလာနေသည်မှာ ၎င်းသမ္မတဖြစ်ရေး အတွက် ခြေလှမ်းလည်းဖြစ်သည်။ ကြံ့ဖွတ်တစ်ပါတီတည်းသာ ရွေးကောက်ပွဲဝင်ပြိုင်စေကာ အနိုင်ရပါက သမ္မတဖြစ်ပြီဆိုသည့် နည်းလမ်းဖြစ်သည်။  စစ်တပ်မှစစ်ခေါင်းဆောင်တဖြစ်လည်း မင်းအောင်လှိုင်သည် ကြံ့ဖွတ်ပါတီမှ တစ်နိုင်ငံလုံး၏ ဩဇာကို ချုပ်ကိုင်နိုင်ဖို့ တစ်ပါတီအာဏာရှင်စနစ်သို့ ဦးတည်နေခြင်းလည်းဖြစ်သည်။ နေဝင်း၏ခေတ်ဟောင်းလမ်းစဥ်အတိုင်း

တော်လှန်ရေးသည်....

Image
 မြေပြင်မှာမနိုင်၍ ဝေဟင်ကိုပါ သုံးကာ တောာ်လှန်ပြည်သူကို ဦးချိုးဖို့ ‌မီးကုန်ယမ်းကုန် ယုတ်မာပြသည့်တိုင်အောင် လူနေအိမ်ကျေးရွာများသာ ပြာဖုံးသွားရသည်။ တော်လှန်ရေးသည်ကား ရပ်တန့်မည့်အသွင်မရှိဘဲ ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ပို၍သာ တောက်လောင်လာသည်။ လူနေအိမ်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပုံ  အကြမ်းဖက်စစ်တပ်သည်လည်း တော်လှန်ရေးအားကောင်း၍ ၎င်းတို့မစိုးမိုးနိုင်သော ဒေသမြို့နယ်အချို့အား စစ်အုပ်ချုပ်ရေး(martial law)ထုတ်ပြန်ကြေငြာကာ ယခုထက်ပိုမို၍ ဖိနှိပ်မှု အကြမ်းဖက်မှု၊ ရက်စက်ယုတ်မာမှု စသည့်လူမဆန်သော ယုတ်မာမှုများ ဆက်လက်လုပ်ဆောင်ကာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရသည့်နည်းနှင့် ကြိုးစားမည်ဖြစ်ကြောင်း အသိပေးခြင်းသာ ဖြစ်သည်။ တော်လှန်ရေးနှင့် တော်လှန်ပြည်သူများအတွက်ကား အကျိုးသက်ရောက်မှုကြီးကြီးမားမား မရှိချေ။ လူနေကျေးရွာများကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားသည့် စစ်တပ်က ၊ ၎င်းတို့ကိုယ်တိုင်ပင် လေယာဥ်နှင့်ဗုံးကျဲကာ ကျေးရွာများကို ပြန်ဖျက်ဆီးနေပုံ ၎င်းတို့စစ်တပ်သည် ပြည်သူလူထုအပေါ်တွင် ရက်စက်ယုတ်မာ အကြမ်းဖက်မှုများ သည် လုပ်ဆောင်နေဆဲဖြစ်ခြင်းကြောင့်ပင်။  စစ်အုပ်ချုပ်ရေးအောက်တွင် ဥပ

မင်ကင်းအတွက် ငိုခဲ့ရတဲ့နေ့

Image
    ၂နှစ်နီးပါး ကြာခဲ့ပြီ။ ထိုနေ့ကား  ၂၀၂၁၊ ဧပြီလ၊ ၂၈ရက်နေ့ နံနက်ပိုင်းအချိန်။ နေရာကား တောင်ဖြူရွာ၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ မင်းကင်းမြို့နယ်တွင်ဖြစ်သည်။  မင်းကင်းမြို့နယ်ပြည်သူများ ဝမ်းနည်းစွာငိုကြွေးခဲ့ကြရသော နေ့လည်းဖြစ်သည်။ တစ်မိသားစုတည်း၃ဦးပါသွားသည့် မိသားစုနှင့်။ တစ်ချို့မိသားစုက ၂ဦး စသည်ဖြင့်။  ပန်းဆက်ရွာ၏ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖေ့စ်ဘွတ်ခ် အကောင့်မှ တက်လာသောပုံများများသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၅၇ယောက် ။ ဖမ်းဆီးနှိပ်စက်ထားသော ပုံများဖြစ်သည်။ ပြည်သူ့ရဲဘော်များကို လက်နောက်ပြန်အနေအထားနှင့် သစ်သားတုံး၊ ပျဥ်များ၊ မျောများဖြင့် တွဲချည်ထားသည်။  ဓာတ်ပုံရိုက်ချိန်သာ ထိုင်ခိုင်းကာ ပီးလျှင် မှောက် လျက် အနေအထားဖြင့် မျောတုံးများဖြင့် မလှုပ်မယှက်နိုင်စေရန် ဖိချည်ထားခံရသည်။ တချို့မှာကား သွေးအလူးလူးနှင့်။ နှိပ်စက်ခံထားရသည်။ ပုံတစ်ပုံမှာ ဦးခေါင်းတစ်ခြမ်းပွင့်ထွက်ကာ ပစ်သတ်ခံထားရသည်။ စိတ်မသက်သာစရာကောင်းလှသည်။ အခြားတစ်ပုံမှာလည်း မျက်လုံးများပေါက်ထွက်ကာ နှိပ်စက် သတ်ဖြတ်ခံထားရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၇ဦးအနက်၊ ၄ဦး ဖမ်းဆီးခံရအပြီး ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရကြောင်းသိရသည်။ ထိုနေ့မ

ရွှေပြည်အေး မြို့

Image
ဖေဖော်ဝါရီ ၃ရက်နေ့ မွန်းလွဲပိုင်းက ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့အနားရှိ ရွှေပြည်အေးမြို့သစ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ အသုံးပြုသော MI-17 စစ်ရဟတ်ယာဥ်တစ်စင်းကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသော ရွှေပြည်အေးမြို့သစ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများ ၂၀ခန့် သေဆုံးကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရသည်။  ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီ၁ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားနိုင်ခဲ့ ခြင်းဖြစ်သည်။ ခန္တီးခရိုင်တပ်ရင်း၁၊ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF-124၊ HPDF၊ HPDFမိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီအမျိုးသားတပ် SNAလည်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကိုအကြမ်းဖက်နှိပ်စက်မှုများကျူးလွန်နေပေရာ ပြည်သူ့ကာကွယ်ရ